Connect with us

Politics, Law & Military

၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပြီးဆုံး

၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊သြဂုတ်၂၈ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် ပြည်ထောင် စုလွှတ်တော် အစည်းအဝေး ယနေ့ ပြီးဆုံး ကြောင်း နှင့် မကြာမီ ပြန်စမည့် လွှတ်တော် တွင် ဥပဒေ များ ပြင်ဆင်ရန် ရှိသည့် အတွက် လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် ကြိုတင် ပြင်ဆင် စရာ ရှိသည် များအား ပြင်ဆင်ထားရန် ပြည်ထောင်စု လွှတ်တော် နာယက မှ ပြောကြားခဲ့ ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ဆင်ဟွာ ကိုပြော သည်။

ဦးခိုင်မောင်ရည်က “ ပြည်ထောင်စု လွှတ်တော် က လ လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင် နှုန်း နဲ့ ၆၀ ရာခိုင်နှုန်း ပြန်လည်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ အကြောင်းနဲ့ မကြာမီ လွှတ်တော်ပြန်စမယ် ဆိုပြီး နာယကကြီးက ဒီနေ့ ပြောသွားပါတယ်” ဟု ပြောသည်။

ယခု ၁၂ ကြိမ်မြောက် အစည်းအဝေး တွင် ဥပဒေကြမ်းပေါင်း ၅၂ ခုအား အတည်ပြုနိုင် ခဲ့ပြီး လက်ရှိတွင် ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင် ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၂ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်း၊ မော်တော်ယာဉ်ဥပဒေကြမ်း နှင့် တစ်လင် တစ်မယား စနစ်ကျင့် သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်း ၄ ခု အား အတည် ပြုပြီး သမ္မတ ထံသို့ ထပ်မံ ပေးပို့ထားကြောင်း သိရသည်။

ဆွေးနွေးဆဲ ဥပဒေကြမ်း ၃ ခု ရှိပြီး လွှတ်တော် ကိုယ်စားလှယ် တာဝန် မှ ပြန်လည်ရုတ် သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း အပါအဝင် ဆိုင်းငံ့ ထားသည့် ဥပဒေကြမ်း ၉ ခု ရှိကြောင်း၊ အဆိုပါ မပြီးပြတ်သေးသည့် ဥပဒေကြမ်းများအား ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

အမျိုးသား လွှတ်တော် တွင် ဆောင်ရွက်ဆဲ အဖြစ် ဥပဒေကြမ်း ၂၆ ခု၊ လွှတ်တော် ကော်မတီ နှင့် ကိုယ်စားလှယ် မှ တင်သွင်း သည့် ဥပဒေကြမ်း ၄ ခု၊ စုစုပေါင်း ဥပဒေကြမ်း ၃၀ ကျန်ရှိနေကြောင်း သိရသည်။ သြဂုတ်လ ၂၇ ရက် နေ့ ကလည်း ပထမအကြိမ် ၁၂ ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး ပြီးဆုံးခဲ့ပြီး ယခု အကြိမ် အစည်းအဝေးသည် ၇ လ နှင့် ၉ ရက် ကြာမြင့် ခဲ့ကြောင်း သိရသည်။ အစည်းအဝေး ပေါင်း ၈၉ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ကြယ်ပွင့်ပြ မေးခွန်း ၄၁၂ ခု အနက် ၃၆၆ ခု မေးမြန်း နိုင်ခဲ့ပြီး၊ ကြယ်ပွင့် မပြ မေးခွန်း ၁၃၈၁ ခု အနက် ၁၃၀၀ ခုကို ဖြေကြား နိုင်ခဲ့ကြောင်း၊ အဆို ၂၅ ခု နှင့် အရေးကြီး အဆို ၁ ခု ကို ဆောင်ရွက် နိုင်ခဲ့ ကြောင်း သိရသည်။ (Xinhua)