Connect with us

Politics, Law & Military

၂၁ရာစု ပင်လုံ ဒုတိယနေ့ အစည်းအဝေးတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ပတ်သက်၍ တပ်မတော်ဘက်မှ ထောက်ပြဆွေးနွေး

တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်မှူးကြီးစိုးတင့် ဆွေးနွေးပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

၂၁ရာစု ပင်လုံ ပထမအစည်းအဝေး ဒုတိယနေ့တွင် တပ်မတော်သားများက ၂၀၀၈ခုနှစ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ဆွေးနွေးချက်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည်မြန်မာနိုင်ငံ၏ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်မြေများ၊ ရရှိမည့် အခွင့်အရေးများ နှင့် လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကို ပြည့်စုံစွာပြဌာန်းထားကြောင်း၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးစနစ်များဆိုင်ရာ ပြဌာန်းချက်များသည်လည်း ပြည်ထောင်စုစနစ်နှင့် ကိုက်ညီနေကြောင်း တွေ့ရှိနိုင်သည်ဟု ဒုတိယဗိုလ်မှူးကြီး သန့်ဇော်မှ ထည့်သွင်းဆွေးနွေးခဲ့သည်။
အခြားတပ်မတော်သားတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစိုးတင့်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၀၊၃၅၁၊ ၃၅၂ အမျိုးသမီးများကို ဥပဒေအရ အညီအမျှခံစားခွင့်ပြုထားတယ်။ ကျေးကျွန်ပြုမှုနဲ့ လူကုန်ကူးမှုကို တားမြစ်ထားတယ် ။ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်အပါအဝင် အခွင့်အရေးတွေပေးထားပါတယ်။ဆုံးရှုံးမှု တစုံတရာရှိတယ်လို့ ယူဆပါက နိုင်ငံတော်သမ္မတ၊ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားနိုင်တယ်။’’ ဟုဆွေးနွေးခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံသားတိုင်းပညာသင်ကြားနိုင်ခွင့်၊ ဥပဒေနှင့် အညီ စီးပွားရေးလုပ်ဆောင်ခွင့်ပေးထားကြောင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးအာဏာ၊တရားစီရင်ရေးအာဏာတို့ကိုတတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်း နှင့် အချင်းချင်း အပြန်အလှန်ပြုရန်ပြဌာန်းထားကြောင်း၊ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်မြေများကို ခွဲဝေအပ်နှင်းထားသည်ကို တွေ့ရှိရကြောင်း ဗိုလ်မှူးကြီးစိုးတင့် က ထည့်သွင်းဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.