Connect with us

Politics, Law & Military

သန်းခေါင်စာရင်းကောက်ယူရာတွင် ရရှိလာသည့်အချက်အလက်များသည် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု နယ်ပယ်အဆင့်အတိုင်းအတွက် မရှိမဖြစ်လိုအပ်ဟု နစက ဥက္ကဋ္ဌ ဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရရှိလာသည့်အချက်အလက်များသည် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု နယ်ပယ်အဆင့်အတိုင်းအတွက် ထိရောက်သော ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲနိုင်ရန်နှင့် အထောက်ထားအခြေပြု ဆုံးဖြတ်ချက်များချမှတ်ရာတွင် မရှိမဖြစ်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။ယနေ့ (စက်တင်ဘာ ၁ ရက်)ပြောကြားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် မိန့်ခွန်းအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့သည်။အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ မေးခွန်းများအား မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန်နှင့် သန်းခေါင်စာရင်းကို လူတိုင်းအကောက်ခံကြရန်၊ အိမ်တိုင်ရာရောက်လာကောက်ခံရာတွင် မေးခွန်းတိုင်းကို သံသယစိတ်ကင်းကင်းဖြင့် မှန်မှန်ကန်ကန်ဖြေဆိုရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင်ရာတွင်လည်း အထက်ပါ သန်းခေါင်စာရင်းကို အသုံးပြုနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်မှ ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နောက်တစ်ကြိမ်ကောက်ယူရန် အချိန်ကျရောက်လာပြီဖြစ်ပြီး နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးမှု စီမံဆောင်ရွက်နိုင်ရန်အတွက် တိကျမှန်ကန်သော လူဦးရေဆိုင်ရာ ကိန်းဂဏန်းများ အမှန်တကယ်ရရှိရေး လိုအပ်သဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။၁၀ နှစ် တစ်ကြိမ် ကောက်ယူရသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.