ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မေ ၂၆ ရက်တွင် ကျပ် ၁၉,၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ) အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ နည်းပညာ အကူအညီဖြင့် ”ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019) အား ပညာရေး ဝန်ကြီးဌာန လက်အောက် ရှိ တက္ကသိုလ်/ကောလိပ်...
နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ပြန်ကြားရေး ဝန်ကြီး ဌာနတွင် ယနေ့ ညနေပိုင်း၌ သတင်းစာရှင်းပွဲ ကျင်းပခဲ့ကြသည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီ နိုင်ငံ များသို့မကြာမီ ကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၁၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၁၀.၈၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ပြား အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊မေ ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အခြေအနေများကို ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များများအား ရှင်းလင်း ပြောကြား သည့် အခမ်းအနားကို နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာ (NRPC:_ National Reconciliation...
နေပြည်တော်၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားသည် ပြည်သူလူထုအား ဖိနှိပ် ချုပ်ခြယ်သော အုပ်ချုပ်မှု ယန္တရား မဖြစ်စေလိုကြောင်း၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုကို ပေးသော အုပ်ချုပ်ရေး ယန္တရားသာ ဖြစ်စေလို ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက်...
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၃၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။