Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လမ်းခင်းရန် ကျန်ရှိသော မြေသားလမ်းပေါင်း(၅၅၀)ခန့်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ခင်းပေးမည်

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လမ်းခင်းရန် ကျန်ရှိသော မြေသားလမ်းပေါင်း(၅၅၀)ခန့်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ခင်းပေးမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လမ်းခင်းရန် ကျန်ရှိသော မြေသားလမ်းပေါင်း(၅၅၀)ခန့်အား ခင်းပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လမ်းခင်းရန် ကျန်ရှိသော မြေသားလမ်းပေါင်း(၅၅၀)ခန့်အား ခင်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းမှာ ခင်းပေးရန် အစီအစဉ်ရှိပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က မြေသားလမ်း(၃၃)လမ်းကို ကွန်ကရိလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပြီး ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာတော့ မြေသားလမ်း(၃၇)လမ်းကို ကွန်ကရိလမ်းအဖြစ်လည်း ဆောင်ရွက်ဖို့ ထည့်သွင်းလျာထားပါတယ်။ ဘီလီယံကတော့ (၁.၈) ဘီလီယံ ဖြစ်ပါတယ်။ သိ့ုသော်လည်း လက်ရှိအခြေအနေမှာပဲ ဒီစာကို မဖြေခင်မှာပဲ ဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်အရ မြေသားလမ်းကျန်တဲ့ (၃၇)လမ်းကို (၁.၈) ဘီလီယံတင် မဟုတ်ဘဲနဲ့ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အတွင်းမှာ ခွင့်ပြုဖို့ အစီအစဉ်ရှိပါတယ်ဆိုတာ ထည့်သွင်းဖြေကြားပေးဖိ့ုပါတဲ့ အတွက်ကြောင့်လည်း ကျွန်တော်တို့ ဒီနှစ်ထဲမှာ (၃၇)လမ်းမဟုတ်ပဲနဲ့ ကျန်တဲ့လမ်းအားလုံးကိုလည်း ၂၀၁၉-၂၀၂၀ ဘတ်ဂျက်အတွင်းမှာ ခင်းပေးမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.