နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) နိုင်ငံရေးသဘောတူညီချက်မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကြားကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦး ဘောင်ခေးက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ငွေကျပ် ၃,၃၈၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွ့ဲက ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် မဲခေါင်ဒေသ ငါးနိုင်ငံတို့၏ မြေယာ လုပ်ပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများကို လေ့လာ ဆန်းစစ်ထားသည့် “State of Land in the Mekong Region” စာအုပ် စတင်...
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ဝန်ဆောင်မှု ပေးသူများအတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ် ဆိုင်ရာ စွမ်းရည်မြင့် သင်တန်းကို နေပြည်တော် Grand Amara တွင် ယနေ့ ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်...
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀,ဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁,၈၀ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ကားနံပတ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် ဖောင်းကြွကားနံပါတ်ပြားများအား သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစား အပြားများပေါ်တွင် တပ်ဆပ် အသုံးပြုထားခြင်းမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ ကလေးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် မျက်ကွယ်ပြုထားခြင်း၊ လျစ်လျူရှုထားခြင်းများ မရှိဘဲ အမှုမှန်ပေါ်ပေါက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အားလုံး...