Connect with us

Politics, Law & Military

NLD ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပ


ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

NLD ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါ ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၁ရက်နှင့် ၂၂ ရက် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၁၅၆ ဦးအနက် ၁၃၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ယင်း ဗဟို ကော်မတီအစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာတင်သွင်းခြင်း၊ ဗဟိုလုပ်ငန်းကော်မတီများ၏ အစီရင်ခံစာများ၊ ပြည်နယ်/တိုင်းဒေသကြီးကိုယ်စားပြုဗဟိုကော်မတီဝင်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်သွင်းလာသည့် စာတမ်းများဖတ်ကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)