Connect with us

Politics, Law & Military

ဖရဲ သခွား ဈေးကွက်ခိုင်မာရန် cold Storage များ လိုအပ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး အဖွင့်စကား ပြောကြားစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

မြန်မာ့ ဖရဲ။ သခွားများ ဈေးကွက်ခိုင်မာရန်နှင့် ဈေးကောင်း ရရှိစေရန် ရေရှည် သိုလှောင်နိုင်သော Cold Storage များ၊ နည်းပညာများ လိုအပ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  ယနေ့ နံနက် ပြောကြားခဲ့သည်။

“ဖရဲ သခွားတွေကို ရာသီအလိုက် ပြောင်းလဲ ထုတ်လုပ်နိုင်ဖို့ လိုအပ်သလို ရေရှည် သိုလှောင်နိုင် ဖို့လည်း လိုပါတယ်၊ ဒါမှ တန်ဖိုးလည်း တိုးနိုင်၊ ဈေးကွက်လည်း ချဲ့နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ရာသီအလိုက် ပြောင်းလဲ ထုတ်လုပ်နိုင်ဖို့၊ အရည်အသွေးမီ စိုက်ပျိုးနိုင်ဖို့ နည်းပညာတွေလည်း လိုအပ်ပါတယ်” ဟု နေပြည်တော် M Gallerty Hotel တွင် ယနေ့ ပြုလုပ်သော ‘ဖရဲ သခွားမွှေး အမျိုးသား ပို့ကုန် မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲ၌ ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်  အမှာစကား ပြောကြားစဉ်။

USAID Myanmar မှ Feed the Future Coordinator Mr. Matt Curtis အမှာစကား ပြောကြားစဉ်။

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ်။

မြန်မာ့ ပို့ကုန် သီးနှံများတွင် ဖရဲ သခွားမွှေးသည် နိုင်ငံခြားတင်ပို့မှု အများ ဆုံးဖြစ်ကြောင်း၊ အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်း၏ ပထမ ငါးနှစ်တာကာလတွင် ဦးစားပေး ပို့ကုန်အားလုံး အသီးသီး တိုးတက်ခဲ့ကြောင်း၊ ဖရဲ သခွားမွှေး တင်ပို့မှုသည် ယခင် ငါးနှစ်၌ တစ်နှစ် လျှင် တန်ချိန် တစ်သိန်းခန့်သာ ၇ှိခဲ့ရာမှာ နှစ်စဉ် တိုးတက်လာခဲ့ရာ ယခုနှစ်တွင် တန်ချိန် တစ်သန်း (၁၀ သိန်း)ကျော်အထိ တိုးတက်လာခဲ့ကြောင်း၊ မိရိုးဖလာစိုက်ပျိုး ထုတ်လုပ်မှုအဆင့်မှ ဈေးကွက် အရည်အသွေးမီ အဆင့်သို့ ရောက်ရှိစေရန် နည်းပညာပိုင်း လိုအပ်ချက်ကို ပံ့ပိုး ကူညီသော USAID အား ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ် လုပ် တင်ပို့ ရောင်းချသူများ အသင်း အနေဖြင့် USAID ၏ နည်းပညာ အကူအညီ၊ Winrock International ၏ စီမံ ခန့်ခွဲမှုတို့ဖြင့် ‘အပူပိုင်းဒေသ ဖရဲ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း’ ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း ဖရဲ သခွား အပါအဝင် အလားအလာရှိသော ထုတ်ကုန်များ၏ Value Chains တိုးတက်မှုများ ဆိုင်ရာ Letter of Intent ကို သဘောတူ လက်မှတ်ရေးထိုးထားကြောင်း၊ ထိုသို့ ပူးပေါင်း ဆေင်ရွက်မှုများ၏ လုပ်ငန်းစဉ်ဖြစ်သော ‘မြန်မာျနိုင်ငံ ဖရဲ သခွားမွှေး အမျိုးသား ပို့ကုန် မဟာဗျူဟာ’ ရေးဆွဲနိုင်ရေးအတွက် ကနဦး အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လအတွင်း မန ္တလေးမြို့ တွင် ကျင်းပခဲ့ကြောင်း၊ ယနေ့ ရေးဆွဲကြမည့် မဟာဗျူဟာသည် မြန်မာ့ သီးနှံများ တန်ဖိုးမြင့်မားရး ၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အရည်အသွေး၊ နည်းပညာ စသည့် လိုအပ်ချက်များကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီး ဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ ဖရဲ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၊ မူဆယ် ၁၀၅ မိုင် သစ်သီး ဝလံ ကုန်စည်ဒိုင်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Winrock International နှင့် USAID တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.