Connect with us

Politics, Law & Military

(၁၃)ကြိမ်မြောက် အစည်းအဝေးကာလ ဥပဒေ ခုနစ်ခု အတည်ပြုနိုင်ခဲ့

ပြည်ထောင်စုလွှတ်တော် နာယက ကြွရောက်လာစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ)

၂၀၁၉ ဇူလိုင် ၁၅ ၇က်မှ ယနေ့အထိ ကျင်းပခဲ့သော ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ ရက်ပေါင်း ၆၈ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ၂၆ ရက် ကျင်းပနိုင်ခဲ့ရာ ဥပဒေ ခုနစ်ခုတို့ကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီး နှုတ်ဆက်စကားတွင် ပြောကြားခဲ့သည်။

“၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း နှစ်ခုကိုလည်း နိုင်င့တော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့အတွက် ပေးပို့ထားပြီး ဖြစ်ပါတယ်၊ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်များနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ် ငါးခု၊ ပြည်ပချေးငွေဆိုင်ရာ ကိစ္စရပ် သုံးခု တို့ကို ဆွေးနွေးအတည်ပြုခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေး လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာများ အပါအဝင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက ပေးပို့ လာတဲ့ အစီရင်ခံစာ စုစုပေါင်း ၁၀ ခုတို့ကို ဆွေးနွေး၊ အတည်ပြု၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ ပါတယ်” ဟုလည်း လွှတ်တော် နာယကက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးတော့မည် ဖြစ်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအတွက် လုပ်ငန်း ပြီးစီးကြောင်း အစီရင်ခံစာကို ၁၄၂ မြို့ နယ်က တင်ပြလာပြီး ဖြစ်ကြောင်း၊ ကျန်ရှိ မြို့နယ်များအနေဖြင့် သတ်မှတ်ရက်အမီ ပေးပို့ကြရန်နှင့် ပိုလျှံ ရန်ပုံငွေများ ရှိပါက ငွေတိုက် ဦးစီးဌာနသို့ အချိန်မီ ပြန်လည် အပ်နှံကြဖို့ ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေးများ ရပ်နားသည့် ကာလတွင် မိမိတို့မဲဆန္ဒနယ် မြေ အလိုက် ပြည်သူများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးလိုက်ကြောင်းလည်း နာယကကြီးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.