Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၀၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့်အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၇,၀၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ က စက်တင်ဘာလ ၂၃ ရက် တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ ရက် ၁၈း၃၀နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ သဲချောင်းကျေးရွာနေ မရာစ်မင် ၅၁ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မှ၎င်းအားလက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် မရာစ်မင် ၏ နေအိမ်ခြံဝင်းအတွင်းရှိ ရေကန်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်စိတ်ကြွဆေးပြား ၃၅၁,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၀၂၀ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.