ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေးရှိ ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်(၂၃၇၉)စီး ဖမ်းဆီးအရေးယူခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၆ ရက်(ဆင်ဟွာ) ရေကဏ္ဍ ဘက်စုံ စီမံခန့်ခွဲမှု အောင်မြင်ရေးအတွက် ဘက်စုံ အလွှာစုံက တက်ကြွစွာ ပါဝင် လှုပ်ရှား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အချက်များကို ILO မျက်နှာစာမှ တဆင့် နိုင်ငံတကာသို့ ပြသမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၈၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ် ၅ ရက်(ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် ပုဒ်မ တစ်ခုတည်း သီးခြား ပြင်ဆင်ခြင်း မပြုလုပ် သင့်ကြောင်း ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက ယနေ့...
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းအလုပ်သမားများ မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် နေ့စဉ်ဝင်ရောက်မှုများ ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။