Connect with us

Politics, Law & Military

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် မှာကြား

ပြည်ထဲရေး ၀န်ကြီးဌာန ဒုတ်ယ ၀န်ကြီး ဗိုလ်ချုပ် အောင်သူ အဖွင့်အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသေးစိတ် အစီအမံများဖြင့် ဆောင်ရွက် ရန်၊ ပုံမှန် တိုးတက်မှု အစီရင်ခံစာ တင်ပြရန်နှင့် စနစ်တကျ ကြီးကြပ် ကွပ်ကဲပေးကြရန် ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက မှာကြားခဲ့သည်။

“အမျိုးသား အဆင့် မဟာဗျူဟာရဲ့ ‘လုံခြုံ စိတ်ချရသော စီးပွားရေး ရပ်ဝန်းသို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု အန္တရာယ်များမှ ကင်းဝေးပြီး လုံခြုံ စိတ်ချရတဲ့ စီးပွား လုပ်ငန်းတွေ ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ ကဏ္ဍတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်လာမှာ ဖြစ်လို့ မဟာဗျူဟာ လုပ်ငန်း စီမံချက်ကို အပြည့်အ၀ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နေပြည်တော် Hilton Hotel ၌ ယနေ့ ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဗိုလ်ချုပ် အောင်သူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရဲမှူးချုပ် ကျော်ဝင်းသိန်း ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

အာရှ- ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး အဖွဲ့(APG)၏ အဖွဲ့ဝင် ဖြစ်သော မြန်မာ နိုင်ငံသည် ငွေကြေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ရေး အဖွဲ့(FATF) ၏ အကြံပြုချက်များကို လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိကို အဖွဲ့ဝင် နိုင်ငံ အချင်းချင်း အပြန်အလှန် အကဲဖြတ်ခြင်း (ME:_ Mutual Evaluation) လုပ်ငန်းစဉ်၌ ယခင်က တစ်စိတ်တစ်ပိုင်း လိုက်နာ ဆောင်ရွက်ခြင်း (PC:_ Partially Compliance) အဆင့်သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ အကဲဖြတ်မှု၌ အများအားဖြင့် လိုက်နာ ဆောင်ရွက်မှု ရှိခြင်း (LC:_ Largely Compliance) အဆင့်သို့ ကောင်းမွန် တိုးတက် ရရှိခဲ့ကြောင်း၊ ယခု ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာကိုဆုံးရှုံးနိုင်ခြေ အန္တရာယ် အကဲဖြတ်ချက် ရလဒ်များနှင့်် အပြန်အလှန် အကဲဖြတ် ချက် အစီရင်ခံစာပါ တွေ့ရှိချက်များအပေါ် အခြေခံပြီး ရေးဆွဲဆောင်ရွက်ထားကြောင်း၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ နည်းပညာ အကူအညီများဖြင့် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အဓိက ရည်မှန်းချက်မှာပြည်တွင်းနှင့် နိုင်ငံတကာ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု၊ ငွေကြေး ထောက်ပံ့မှု စသည်တို့ကို ထိရောက်စွာ ဟန့်တား ဖော်ထုတ် တိုက်ဖျက် နိုင်ရန်အတွက် ကဏ္ဍအလိုက် စည်းမျဉ်း ကြီးကြပ်မှုများ၊ အရည်အသွေး ရှိသောငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်း ချက် အစီရင်ခံစာများ၊ တရားဥပဒေ စိုးမိုးရေး အဖွဲ ့အစည်းများ၏ လုပ်ငန်း စွမ်းရည်များနှင့် ထိရောက် မှု ရှိသော ပြည်တွင်း ပြည်ပ ပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် ပြစ်မှု တရား စီရင်ရေး စနစ်ကို ပိုမို ဖွံ့ဖြိုး တိုးတက်စေဖို့ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ မဟာဗျူဟာ အနှစ်ချုပ်အား ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ရှင်းလင်းတင်ပြခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြသည်။

ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌနှင့် ဆက်စပ် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117