Connect with us

Politics, Law & Military

မူးယစ်ရာဇာများ၏ သတင်းကို တိတိကျကျတိုင်ကြားရန် သမ္မတ တိုက်တွန်း

နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတတို့ ကြွရောက်လာစဉ်။

နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

မူးယစ်သတင်း၊ ရောင်းဝယ်ဖောက်ကားမှု သတင်းများကိုသာမက မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၊ မူးယစ်ရာဇာကြီးများ၏ သတင်းများကိုပါ တိတိကျကျ တိုင်ကြားပေးကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ တိုက်တွန်း ပြောကြားခဲ့သည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အတားအဆီး ဖြစ်နေတဲ့ တာဝန်ရှောင်လွှဲသူတွေ၊ အဂတိလိုက်စား သူ တွေ ရှိခဲ့ရင် အရေးယူမှာ ဖြစ်တဲ့ အတွက် အမျိုးသားရေး တာဝန်အဖြစ် အချက်အလက်တွေ ပို့ပေးကြပါ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနဲ့ အုပ်ချု့်ရေး ဌာန အဆင့်ဆင့်အနေနဲ့ ‘မူးယစ် ဆေးဝါးကိစ္စ၊ ခြွင်းချက် လုံး၀ မထားရ’ ဆိုတဲ့ မူဝါဒကို အလေးထား လိုက်နာ ဆောင်ရွက်ပေးကြပါ၊ မူးယစ် ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးအအတွက် ပြည်သူ့ ကျန်းမာရေး အမြင်နဲ့ မျှတမှု ရှိအောင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရငရေး၊ မီဒီယာနဲ့အရပ်ဘက် အဖွဲ့အစည်း တွေက အလေးအနက် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟုလည်း သမ္မတက ပြောခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဖွင့်စကား ပြောကြားနေစဉ်။

ဝတ္ထုတို၊ ဆောင်းပါး၊ သီချင်းပြိုင်ပွဲများတွင် ရရှိသူများအားဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆုများ ချီးမြှင့်စဉ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပနေစဉ်။

ထို့အပြင် မြန်မာနိုင်ငံအနေနှင့် ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိခဲ့ပြီး ထုတ်လုပ်မှုမှာ ၅၅၀ မက်ထရစ်တန်ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၇၃၀၀ စိုက်ပျိုးပြီး ထုတ်လုပ်မှု ၅၂၀ မက်ထရစ်တန် ရှိသောေြ့ကာင့်ဘိန်းစိုက်ပျိုးမှုသည် ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုသည် ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်ကို တွေ့ရကြောင်း၊ သို့ရာတွင် မူးယစ်ဆေးဝါး ပြသနာက ကြီးမား ကျယ်ပြန့်လာပြီး စိတ်ပြောင်းဆေးဝါး ထုတ်လုပ်မှုများ မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား အိုက်စ်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းများ ဖြစ်သည့် အစပျိုး ဓာတုပစ္စည်း အမြောက်အမြားကို အိမ်နီးချင်းနိုင်ငံ နယ်စပ်များမှတစ်ဆင့် တရားမဝင် သယ်ဆောင် ရောင်းဝယ်လာကြပြီး ဖမ်းဆီးရမှုများ မြင့်တက်လာကြောင်း၊ ထုတ်လုပ်မှုများ မြင့်တက် နေပြီး အလွယ်တကူ ဝယ်ယူရရှိမှု အကျိုးဆက်ကြောင့် သုံးစွဲမှု မြင့်တက်လာကြောင်း၊ လူငယ်လူရွယ် တွေကြား စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်ကာ ရာဇဝတ်မှုခင်းများ များပြားလာသော ဆိုးကျိုး သံသရာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လူငယ်များကို အညွန့်ချိုးပြီး နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို နင်းခြေပစ်နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို မိမိတို့ အားလုံးက ပြည်သူနှင့််အတူ စုပေါင်းပြီး နှိမ်နင်းကြရန် အထူး အလေးအနက်ထား တိုက်တွန်းပါကြောင်းလည်း ပြောကြားခဲ့သည်။

(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ၂၀၁၈ – ၁၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့်် တောင်ကြီးမြို့များ၌ မီးရှို့ ဖျက်ဆီးခဲ့ရာ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း ကာလတန်ဖိုးမှာ မြန်မာကျပ်ငွေ ၄၅၁ ဒသမ ၇၄၆ ဘီလျံ( အမေရိကန် ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂ သန်း ရှိကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက အဖွင့် မိန့်ခွန်း ပြောကြားအပြီးတွင် UNODC ကိုယ်စားလှယ် Mr. Jeremy Douglas က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ အထိမ်းအမှတ် အလွတ်တန်း ပြိုင်ပွဲများ ဖြစ်သည့် ဝတ္ထုတို၊ ဆောင်းပါး၊ သီချင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒုတိယ သမ္မတဦးမြင့်ဆွေက ဆုများ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.