ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ 9MM THAI ARMS ကျည်အတောင့်၅၀၀ နှင့် .22 ကျည် ၁,၄၅၀ တောင့်တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၀ရက်က ငွေကျပ် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ ဖေဖော်ဝါရီ ၁၀ ရက်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန အဖြစ် ပြင်ဆင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂)မူဆယ်(ကွတ်ခိုင်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း၆၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ် အတွင်း ကျပ်သိန်းပေါင်း ၆ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လုပ်ကွက် တစ်ခု အတွင်း ဖေဖော်ဝါရီ ၈ ရက်တွင် မြေစာများ ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို လက်ခံဆောင်ရွက်လျက် ရှိရာ လျှောက်ထားသူ ၅၈၂ ဦးရှိပြီး ၄၈၀ ကို ခွင့်ပြု ပေးခဲ့ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖျက်သိမ်းမှု မပြုသရွေ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တည်တံ့နေမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် အမျိုးသား...
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာကျိန်ရေး အဆိုကို အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးက ဆွေးနွေးခြင်း၊ လွှတ်တော်၏ သဘောထား ရယူခြင်းတို့ ဆောင်ရွက်ပြီး အတည်ပြုခဲ့သည်။