Connect with us

Politics, Law & Military

တမူးမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးဖမ်းမိ

တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးအားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မန်မော်ကျေးရွာ စာသင်ကျောင်းရှေ့ တမူး-ကလေး ကားလမ်းပေါ်၌ မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်က တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သား များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တမူးမှ ကလေးမြို့သို့ မောင်းနှင် လာသည့် 4Q/×××× N Power ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တမူးမြို့၊ စော်ဘွား (၅/က)ရပ်ကွက်နေ မကေသီနွယ်(၃၅)နှစ်နှင့် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာနေ အမျိုးသား၉ဦးနှင့် အမျိုးသမီးတစ်ဦး မသင်္ကာဖွယ်တွေ့ရှိ၍ တမူးမြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ အဆိုပါ ၁၀ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ရက် နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘွန်ခရိုင်၊ ဘန်ဂမိုရာကျေးရွာမှ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့သို့ ၃ ဘီးဆိုင်ကယ်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့ ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ အတုပြုလုပ်၍ ကိုင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.