Connect with us

Politics, Law & Military

ပလက်ဝတွင် စက်မှုဇုန် တည်ဆောက်ရန် စီစဉ်လျက်ရှိ

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့ တင်း မေးမြန်းနေစဉ်။

နေပြည်တော်၊ မေ ၃၀ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ပလက်၀ မြို့နယ်တွင် အသေးစား စက်မှုလုပ်ငန်း (SMEs) များ ပါဝင်သည့် စက်မှုဇုန် တစ်ခု တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး၌ဖြေကြားခဲ့သည်။

“ပလက်၀ မြို့နယ်မှာ စက်မှုဇုန် တည်ဆောက်နိုင်ဖို့ မြေပြင် ကွင်းဆင်း လေ့လာရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပါတယ်၊ အဲဒီ အဖွဲ့က ပြန်လည် တင်ပြလာမယ့် အသေးစိတ် အစီရင်ခံစာများ၊ အချက်အလက်များ အပေါ်မူတည်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များနဲ့ ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဖြေကြားနေစဉ်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၏ အမေးကို ၎င်းက ပြန်လည် ဖြေကြားခြင်း ဖြစ်ပြီး စက်မှုဇုန် ဖော်ထုတ်မည့် မြေကွက်အလိုက် လိုအပ်မည့် လမ်းမ ကြီးနှင့် လမ်းသွယ်များ အခြေအနေ၊ လျှပ်စစ်မီးနှင့် ရေ ရရှိနိုင်မည့် အခြေအနေ၊ ထုတ်ကုန်များ တင်ပို့ နိုင်မည့် လမ်းကြောင်းနှင့် ဈေးကွက်အခြေအနေ စသည့် စက်မှုဇုန် အင်္ဂါရပ်များနှင့် အညီ ဖြစ်နိုင်ခြေ ရှိ မရှိကို အဆိုပါ အဖွဲ ့က ကွင်းဆင်းလေ့လာပြီး တွေ့ရှိချက်များအား တင်ပြကြမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် ပလက်၀ သာမက ဟားခါး၊ တီးတိန်နှင့် မတူပီ မြို့နယ်များတွင်လည်း စက်မှုဇန်များ တည်ထောင်နိုင်ရေး လျာထား သတ်မှတ်ကာ မြေပြင် ကွင်းဆင်း လေ့လာရေး အဖွဲ့များကို ၂၀၁၉ မတ်လ ၁၂ ရက်နေ့တွင် တွင် ဖွဲ့စည်းထားရှိပြီး အကြိုလေ့လာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် ထူးခြားသော သဘာ၀ အလှတရားများ ပြည့်နှက်သည့် ဒေသဖြစ်သောကြောင့် ခရီးသွား လုပ်ငန်းကဏ္ဍအတွက် ထူးခြား ပြည့်စုံသော ပြည်နယ်လည်း ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် သဘာဝက ပေးထားသည့် ပင်ကို အလှအပများကို မပျက်စီးစေဖို့ကို အထူး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့၌ စက်မှုဇုန် တစ်ခုစီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ နှစ်ခုစီ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသ ကြီးတို့၌ သုံးခုစီ စုစုပေါင်း စက်မှုဇုန် ဆယ့်ကိုးခု ဖွင့်လှစ်ပြီး ဖြစ်ကြောင်း၊ အထူးစီးပွားရေး ဇုန်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ခုစီ စုစုပေါင်း သုံးခု တည်ဆောက်ပြီး ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.