ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး မြို့နယ်၌ ငွေကျပ် ၃၉,၆ဝဝ,ဝဝဝ တန်ဖိုးရှိ ဘိန်းဖြူမှုန့်၂,၆၄ဝ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်ခံရသည့် ဦးလှအေးသည် ယနေ့နံနက်(၁၀)နာရီတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) တတိယနေ့၌ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ်သမားများ စေလွှတ်လျက် ရှိရာ နိုဝင်ဘာလ အတွင်း အလုပ်သမား ၂၄,၀၀၀ ကျော် စေလွှတ် နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက် သူတိုင်း စာပေ ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေး အတွက် အားပေးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဒီဇင်ဘာ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေ မည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြားသတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်း ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှုးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNDP ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xuတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်သည့် MNDAA၊TNLA နှင့် AAအဖွဲ့(၃)ဖွဲ့တို့၏၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာချက်အား ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော်ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး အနေဖြင့်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။