Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မင်းပြား မြို့နယ်၌ ညမထွက်ရ အမိန့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်

မင်းပြား မြို့နယ်၌ ညမထွက်ရ အမိန့် ထုတ်ပြန်ထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ- မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မင်းပြား မြို့နယ် အတွင်း ည ၉ နာရီ အချိန်မှ နံနက် ၅ နာရီ အတွင်း သွားလာခြင်း မပြုရန် ညမထွက်ရ အမိန့်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကယနေ့ ဧပြီ ၂ ရက်တွင် အမိန့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

မင်းပြား မြို့နယ်နယ်နိမိတ် အတွင်းရှိ လမ်းမကြီးများ ၊ အများပြည်သူတို့ သွားရာလမ်း ၊ လမ်းသွယ် ၊ လမ်းကြား ၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူ နှင့် သက်ဆိုင်သော နေရာများတွင် သွားလာခြင်း မပြုရန် ညအထွက်ရ အမိန့်အား ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်သည် ယနေ့မှ စ၍ နှစ်လမျှ အတည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ရခိုင် ပြည်နယ် အတွင်း အကြမ်းဖက် ဖြစ်စဉ် အချို့တွင် အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းမှ သော်လည်းကောင်း ၊ သာမန် အရပ်သား ပြည်သူ အယောင်ဆောင်၍ လည်းကောင်း ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်စဉ် အချို့တွင် အပြစ်မဲ့ အရပ်သား ပြည်သူ အချို့ သေဆုံး/ဒဏ်ရာ ရမှုများ ရှိခဲ့ပြီး ညအချိန် လွတ်လပ်စွာ သွားလာခွင့်ပြုထားပါက အလားတူ ဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားရန် အကြောင်း ရှိသည်ဟု ယုံကြည်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)