Connect with us

Politics, Law & Military

အိန္ဒိယ ရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်သော သုတေသန ရေယာဉ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ

အိန္ဒိယ ရေတပ်မှ သုတေသန ရေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ရေ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj Sharma ဦးဆောင်၍ အရာရှိ၊ စစ်သည်များ လိုက်ပါ လာသော သုတေသန ရေယာဉ် INS Sagardhwani (A 74) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ဧပြီလ ၃ရက်က ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ရေ မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Commander Anuj Sharma ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၂ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်အထိ ငါးရက်ကြာနေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117