Connect with us

Politics, Law & Military

အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကို ရှမ်းပြည်နယ်၊ အင်းလေး ဒေသကျင်းပလျက်ရှိ

အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကို ရှမ်းပြည်နယ်၊ အင်းလေး ဒေသတွင်ကျင်းပစဉ် (ဓာတ်ပုံ-- ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)

နေပြည်တော် ၊ ဧပြီလ (၄) ရက်

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (ASEAN Tourism Committee Meetings) များကိုအာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် နိုင်ငံအမည်အက္ခရာစဉ်အလိုက် တစ်နှစ် လျှင်နှစ်ကြိမ် ကျင်းပပြုလုပ် လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် ပထမ အကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၅) ရက်နေ့အထိ ရှမ်းပြည်နယ်၊ အင်းလေး ဒေသရှိ NovotelInle Lake Myat Min Hotel တွင် ကျင်းပလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ( ၁-၄-၂၀၁၉) ရက်နေ့ မနက်ပိုင်းတွင်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင် ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ အာဆီယံခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ ကိုယ်စားလှယ် (၇၀)ဦးနှင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသောဧည့်သည်တော်များ(၂၅)ဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၉၅)ဦး ပါဝင် တက်ရောက်ခဲ့သည်။

အဆိုပါ အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ သည့်(၂၂)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အဆင့် အစည်းအဝေး၏ဆွေးနွေး ဆုံးဖြတ်ချက်များကိုအကောင် အထည်ဖော်ရန်နှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅)ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ဦးဆောင်နိုင်ငံ များအလိုက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုဆွေးနွေးကြသည်။

အာဆီယံခရီးသွားလုပ်ငန်းကော်မတီ(၄)ရပ် ရှိသည့်အနက် ကော်မတီအစည်းအဝေးများ၏ ပထမနေ့အဖြစ် အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှု ကော်မတီ အစည်းအဝေး ကို မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဦးဆောင်ကျင်းပခဲ့ပြီး ကျန်ကော်မတီအစည်းအဝေးများ ကို သက်ဆိုင်ရာနိုင်ငံများမှ ဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန် ယူလျက် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.