Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှစုစုပေါင်းလုပ်ငန်း (၅) ခု အား ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက် အစည်းအဝေး တွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရေးဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း စုစုပေါင်းလုပ်ငန်း (၅) ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အထက်ဖော်ပြပါ လုပ်ငန်း (၅) ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉.၃၈) သန်းနှင့် ကျပ်သန်းပေါင်း (၆၉,၃၈၄. ၇၅၄) ရှိပြီး၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၂၁) ဦးဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉) ဦး တက်ရောက်ကြသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117