ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေး၌ သြစတြေးလျနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးမှုများ ပေးအပ်သွားရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Senator the Hon Marise Payneတို့က ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu တို့သည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက...
နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁ (က) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ခြင်း အပေါ် အရေးယူ ဆောင်ရွက်ရာတွင် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်အား ပိတ်သိမ်းခြင်း အပါအဝင် ထိရောက်စွာ အရေးယူနိုင်ရန်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများ တားဆီးနိုမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ငြိမ်းချမ်းရေး ကော်မရှင်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့၏ ထုတ်ပြန် ကြေညာချက်အား လှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ရက် (ဆင်ဟွာ) မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)တို့က ယနေ့ သဘောထားထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကလေးအလုပ်သမား ပပျောက်ရေးသည် မြန်မာနိုင်ငံအတွက် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ် သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော ကျပ် ၃၉,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။