Connect with us

Politics, Law & Military

မီဒီယာ သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်မည်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှထွန်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မီဒီယာသမားများ ဦးရေ၊ အလုပ်ဌာန၊ တာဝန် စသည်တို့ အတိအကျ သိရှိနိုင်ရန် မီဒီယာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးထက်မြက် (ဆရာထက်မြက်)က ယနေ့ ပြောကြားခဲ့သည်။

“မီဒီယာ သန်းခေါင်စာရင်း ကောက်ဖို့ ကိစ္စကို အခုချိန်ထိတော့ သတင်းမီဒီယာ ကောင်စီမှာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မရှိသေးဘူး၊ ဒါပေမယ့် မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး မီဒီယာ ကောင်စီ ဥပဒေကို အသစ် ပြန်ဆွဲပြီး လွှတ်တော်မှာ အတည်ပြုဖို့ အဲဒီကိစ္စမှာ ဒီဥစ္စာကို (မီဒီယာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို) ထည့်သွင်း ဆွေးနွေးသွားဖို့ အစီအစဉ် ရှိပါတယ်၊ ဒါက လိုလည်း လိုအပ်တဲ့ ကိစ္စပါ၊ ဒါကို အခု တစ်ရက် နှစ်ရက်မှာ ကောင်စီရဲ့ လပတ် အစည်းအဝေးမှာ ကျွန်တော် တင်ပြပါ့မယ်” ဟု နေပြည်တော်တွင် ပြုလုပ်သော မသန်စွမ်းမှုနှင့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက မီဒီယာများကို ပြောခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကောက်ယူနိုင်ရေးအတွက် သတင်းမီဒီယာ ကောင်စီနှင့် သတင်းမီဒီယာအဖွဲ့အစည်းများက ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြောခဲ့သည်။“ဒါဟာ လုပ်ကို လုပ်သင့်တဲ့ ကိစ္စတစ်ခုပါ၊ အမျိုးသားရေး အတွက်လည်း အရေးကြီးတယ်၊ မီဒီယာ လောကအတွက် တိုးတက် ဖွံ့ဖြိုးမှု အတွက် တကယ် ဆောင်ရွက်ချင်တယ်ဆိုရင် ဒါကို လုပ်ကို လုပ်ရမယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့တော့ ဒါကို လုပ်မယ်ဆိုရင် လက်တွေ့ဆောင်ရွက်ဖို့ အတွက် ပံ့ပိုး ကူညီပေးဖို့ အဆင်သင့်ပါပဲ ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က မြန်မာနိုင်ငံတွင် သတင်းစာဆရာ လေးထောင်ကျော် ရှိသည်ဟု အကြမ်းဖျင်း သိရကြောင်း၊ နီပေါနိုင်ငံတွင် သတင်းစာဆရာ ၂၁၀၀၀ ကျော် ရှိသည်ဟု သိရပြီး မိမိတို့နိုင်ငံ၌လည်း နီပေါနိုင်ငံကဲ့သို့ သတင်းစာဆရာ စာရင်း အတိအကျ ရှိထားမည်ဆိုပါက မီဒီယာ လောကနှင့် ပတ်သက် သော ကိစ္စများ ဆွေးနွေး ဆောင်ရွက်ရာတွင် ပိုပြီး ထိရောက် အောင်မြင်မည်ဟု ယူဆကြောင်းလည်း ဒုတိယ ဝန်ကြီးက မီဒီယာကို ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.