Connect with us

Politics, Law & Military

ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်းများ သိက္ခာရှိစွာ လုပ်ဆောင်ရန် ပြည်ထောင်စု ဝန်ကြီး တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ရေး အဖွဲ့(NSSA:_ National Skills Standards Authoruty) သည် ၎င်း၏ Quality Management System လုပ်ငန်းစဉ်အတွက် ISO 9001 : 2015 ကို ရရှိခဲ့ရာ ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်းများ သိက္ခာရှိစွာ လုပ်ဆောင်ကြရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်း ဆွေက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု စံ ရေးဆွဲ သတ်မှတ်ခြင်း၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ခြင်းနဲ့ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွေကို ဂုဏ်သိက္ခာရှိစွာ လုပ် ဆောင်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု နေပြည်တော် တုံဂပူရိဟိုတယ်တွင် ယနေ့ ပြုလုပ်သော NSSA ၏ ISO 9001 : 2015 အသိအမှတ်ပြု လက်မှတ် ရရှိခြင်းနှင့် အမျိုးသား အဆင့် အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်သော အဖွဲ့အစည်းတိုင်းက အရည်အသွေး အာမခံချက်ကို အသားပေး ပြောဆိုလာကြောင်း၊ အရေအတွက် နှင့် အရည်အသွေး တို့ကို Check and balance လုပ်ပြီး စီမံခန့်ခွဲလာကြောင်း၊ ထိုသို့ စီမံရာတွင် နိုင်ငံတကာ စံနှုန်း များနှင့် ကိုက်ညီရမှာ ဖြစ်သောကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့် အညီ အရည်အသွေး ပြည့် စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေကြောင်း သက်သေပြနိုင်ရန် ယခုကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း ထံမှ ISO အသိအမှတ်ပြု လက်မှတ်ကို ရယူခဲ့ခြင်း ဖြစ်ကြောင်း၊ NSSA ၏ အမျိုးသား အဆင့် ကျွမ်း ကျင် လုပ်သား မွေးထုတ်ရန် စစ်ဆေး အကဲဖြတ်မှု လုပ်ငန်းစဉ် ရလဒ်များမှာ ၂၀၁၄ ခုနှစ် ၂၀၁၉ မတ်လ ၂၀ ရက်နေ့အထိ အလုပ်အကိုင် ၂၃ မျိုးတို့တွင် Level 1 ၌ ၁၀၀၀၉ ဦး၊ Level 2 ၌ ၇၆၆ ဦး၊ စုစုပေါင်း ၁၀၇၇၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ NSSA ၏ လုပ်ဆောင်မှုများကို ဒေသတွင်း အာဆီယံနိုင်ငံများရှိ နိုင်ငံအဆင့် ကျျွမ်းကျင်မှု လက်မှတ်ထုတ်ပေးရေး အဖွဲ့များနှင့် ချိတ်ဆက်နိုင် သည်အထိ ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ အာဆီယံ စီးပွားရေး အသိုက်အဝန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော ကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ရွှေ့ပြောင်း ကျွမ်းကျင် လုပ်သားများ၏ ရပိုင်ခွင့်နှင့် အကျိုး ခံစားခွင့်များအား ဒေသတွင်းနိုင်ငံများရှိ ကျွမ်းကျင်လုပ်သားများနှင့် တန်းတူ ရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

GIZ မှ Head of TVET Project Dr. Jeanette Burmster အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

လုပ်ငန်း ကျွမ်းကျင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နေစဉ် (ဆင်ဟွာ)

လုပ်ငန်း ကျွမ်းကျင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နေစဉ် (ဆင်ဟွာ)

လုပ်ငန်း ကျွမ်းကျင် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့(NSSA) အဖွဲ့ဝင်များ၊ စံသတ်မှတ်ရေး ကော်မတီ၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီများမှ တာဝန်ရှိ သူများ၊UMFCCI နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ၎င်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ GIZ မှ TVET စီမံကိန်းခေါင်းဆောင် တို့က အမှာစကားများ အသီးသီး ပြောကြားအပြီးတွင် ကျွမ်းကျင် လုပ်သား တို့အား အမျိုးသား အဆင့် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.