Connect with us

Politics, Law & Military

တာချီလိတ်မြို့တွင်းရှိ ရွှေဆိုင်အိမ်၌ ကျပ်သိန်း ၂၉၀၀ခန့်ရှိ ရွှေထည်စိန်ထည်ပစ္စည်းများ ဓားပြတိုက်ခံရ

တာချီလိတ်မြို့တွင်းရှိ ဓားပြတိုက်ခံရသောရွှေဆိုင်နေအိမ်အား တွေ့ရစဉ်(ကြေးမုံ)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အား ယနေ့ နံနက် ၇နာရီ ခွဲက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း ၂၉၀၀ ခန့်တန်ဖိုးရှိ ရွှေထည်မျိုးစုံ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေများကို ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါရွှေဆိုင်အား အမည်မသိလူ ခြောက်ဦး မော်တော်ယာဉ်ဖြင့် ရောက်ရှိလာကာ လူလေးဦးမှာ ပစ္စတိုသေနတ်များဖြင့် အိမ်ထဲကို ဝင်ပြီး ရွှေဆိုင်ပိုင်ရှင်မိသားစုအား လက်ကို ကြိုးတုတ်ကာ သေနတ်များဖြင့်ချိန်ရွယ်ထားခဲ့ကြောင်း၊ ယင်းနောက် ကျန်အမည်မသိ လူနှစ်ဦးက မီးခံသေတ္တာရှိ ရွှေထည်ပစ္စည်းမျိုးစုံ ရွှေအလေးချိန် ၈၀ ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း၈၀၀ခန့်)၊ စိန်ထည်ပစ္စည်းမျိုးစုံ တန်ဖိုးထိုင်းဘတ်ငွေသိန်း ၂၀ ခန့်၊ အိပ်ခန်းအတွင်းမှ ထိုင်းဘတ်ငွေသိန်း ၂၀ နှင့် လက်ကိုင်ဖုန်း ခုနှစ်လုံး စုစုပေါင်းငွေကျပ်သိန်း ၂၉၀၀ ခန့် ယူဆောင်သွားကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်မှ တရားခံဖမ်းမိရေးနှင့် အမှုဖွင့်အရေးယူနိုင်ရေး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117