ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ၂ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် ငွေကျပ် ၃,၉၄၂.၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ၊ ငွေကျပ် ၅၃၇.၆ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲနှင့် ငွေကျပ် ၁၇,၀၁၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မိုးညှင်းမှ နိုဝင်ဘာ...
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၁၀ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ပေါက်မဲ ရရှိသည့် ဆုလက်မှတ်များ အပါအဝင် ဆုလက်မှတ်ပေါင်း ၁၁,၃၉၈ ဆုအား...
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် အရ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ တိုင်းဒေသကြီး ဝန်ကြီးဌာန ၂ ခုအား ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၉၁/၂၀၁၈ အား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့တွင် ကာလတန်ဖိုးကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၂၅ ပြားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။