Connect with us

Politics, Law & Military

ခြေ/ဥပြင်ရာတွင် ပုဒ်မ တစ်ခုတည်း သီးခြား ပြင်ဆင်ခြင်း မပြုသင့်ဟု ဆို

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၅ ရက်(ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် ပုဒ်မ တစ်ခုတည်း သီးခြား ပြင်ဆင်ခြင်း မပြုလုပ် သင့်ကြောင်း ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ကျောင်းကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးတို့က ၁၉ – ၂ – ၂၀၁၉ နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ သည့် ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပုဒ်မ တစ်ခုတည်းအား သီးခြား ပြင်ဆင် တင်သွင်းခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အဓိက ရေသောက်မြစ် ဖြစ်သည့်အတွက် နိဒါန်းမှ စပြီး နောက်ဆက်တွဲ ဇယားများအထိ ပြဌာန်းချက်များ သည် တစ်ခုနှင့် တစ်ခု အစီအစဉ်တကျ တွဲဖက် ဖွဲ့စည်းထားခြင်း ဖြစ်သည့် အတွက် ပုဒ်မ တစ်ခုချင်းစီကို သီးခြား တင်သွင်း ပြင်ဆင်ရန် သင့်မြတ်မှု မရှိသည့်အတွက် လွှတ်တော်က အတည်ပြု ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း- ဥပဒေကြမ်းအား လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိ ချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးကြရန် ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားခဲ့ သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117