Connect with us

Politics, Law & Military

မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အချက်များကို နိုင်ငံတကာသို့ ပြသမည်

အဓမ္မခိုင်းစေမှုပပျောက်ရေး အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အချက်များကို ILO မျက်နှာစာမှ တဆင့် နိုင်ငံတကာသို့ ပြသမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

National Complaint Mechanism အဓမ္မခိုင်း စေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်ရေး လုပ်ငန်းစီမံချက်(မူကြမ်း)ရေးဆွဲပြီး ပြသနိုင်လျှင် ILO နှင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရှောင်ရှား နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ National Complaints Mechanism ထူထောင်နေဆဲကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး တိုးတက်မှုကို ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး တွင် ပြသနိုင်မှသာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုပပျောက်ရေးကို political will နှင့် ဆောင်ရွက်နေသည့် အချက်ကို ILO မျက်နှာစာမှ တဆင့် နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ILO တို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့်အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ပြီးယခုအခါ ILO နှင့် ပူးပေါင်း ဆောင်ရွက်ထားသည့် လုပ်ငန်းစီမံချက် ပြီးဆုံးခဲ့သော် လည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပါဝင်ထားသည့် ပြဌာန်းချက်အမှတ်၂၉ ကို အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ရှိမှုအရ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ILO နှင့် ပူးပေါင်းရေးဆွဲခဲ့သည့် Decent Work Country Programme (2018-2021) ကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် MoU လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အနေဖြင့် Ownership ယူပြီး ဆောင်ရွက်မည့် National Complaint Mechanism ထူထောင်ရန် အချက်တစ်ချက်ပါရှိသည့်အတွက် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှု ယန္တရားထူထောင်ရေး လုပ်ငန်း စီမံချက်(မူကြမ်း) ရေးဆွဲထားပြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။

ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan ကိုသုံးသပ်အတည်ပြုရေး၊ National Complaints Mechanism ထူထောင်ရေးနှင့် National Complaints Mechanism ထူထောင်နေဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်း နိုင်ရေးအတွက် လုပ်ငန်းစီမံချက် အသစ်တစ်ရပ် အမြန်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး အတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့နောက် ILO မှ အဆိုပြုတင်ပြထားသည့် New Action Plan(လုပ်ငန်းစီမံချက်)နှင့် National Complaints Mechanism ထူထောင်နေဆဲကြားကာလတွင် အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်း နိုင်ရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲအကောင် အထည်ဖော်မှုများနှင့် ပတ်သက်၍ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး National Complaint Mechanism အဓမ္မခိုင်း စေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်ရေး လုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲထားရှိမှု အခြေအနေ နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာကြသည့်ဝန်ကြီးဌာန ကိုယ်စားလှယ်များကလိုအပ်သည်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.