ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများသည် ဒီဇင်ဘာ ၄ ရက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၊ ရုံးအမှတ် (၂၃)၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၄ရက် နံနက် ၁နာရီ၌ ယာဉ်တစ်စီးအား ရှာဖွေစစ်ဆေးစဉ် ကျပ် သိန်း ၁၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာ-အစ္စရေး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းနှင့် ချင်းပြည်နယ်တို့ရှိ မြို့များတွင် အမေရိကန် ဒေါ်လာ ၃သန်းကျော်အကုန်ကျခံပြီး လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ် (ဌ/၁၂/၁၇၀)နေ ဒေါ်ကျန်ရှောက်ကွယ်(၅၁)နှစ်၏ ခြံဝင်းအတွင်း ဒီဇင်ဘာလ ၃ ရက်နေ့ ၀၂း၃၀နာရီ အချိန် တွင် နေအိမ်အဆောက်အဦရှေ့ ၁၂ ပေခန့်အကွာ ခြံစည်းရိုးအုတ်တံတိုင်းအနီး ရေမြောင်းငယ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။