Connect with us

Politics, Law & Military

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆို လွှတ်တော်က ဆွေးနွေးရန် လက်ခံ

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် ကော်မတီဖွဲ့ရေး အဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး အမဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရေးအတွက် ဆန္ဒမဲခွဲ ဆုံးဖြတ်၍ သဘောတူခဲ့သည်။

အဆိုမှာ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း ဖြစ်ပြီး အဆိုအား ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က အစည်းအဝေး နေ့လယ်ပိုင်းပြန်အစတွင် လွှတ်တော်သို့ ကြိုတင်ပြောကြားခဲ့ရာ တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ထိုအဆိုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရန် လုပ်ထုံးလုပ်နည်း များနှင့် မညီကြောင်း ကန့်ကွက်ခဲ့သည်။ သို့ရာတွင် လွှတ်တော် နာယကက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် အဆင်ဆင့်ပြင်ဆင်နိုင်ရေးအတွက် သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ပါတီပေါင်းစုံက ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း၊ ဆွေးနွေးတင်ပြလာချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်တင်ပြနိုင် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်လာစဉ်။(ဆင်ဟွာ)

အခြေခံ ဥပဒေ ပြင်ဆင်ရန်ကော်မတီဖွဲ့ရေး အဆိုကို ဦးအောင်ကြည်ညွန့် တင်သွင်းနေစဉ်။(ဆင်ဟွာ)

ညနေပိုင်း ပြည်ထောင်စု လွှတ်တော် ပြန်လည် စတင်ချိန်တွင် အရေးကြီး အဆိုရှင် ဦးအောင်ကြည် ညွန့်က ၎င်း၏ အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်သို့ ရှင်းလင်း တင်ပြကာ အဆိုကို လက်ခံ ဆွေးနွေးရန် ထောက်ခံမဲ အများစုဖြင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.