Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ လက်နက်/ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ လက်နက်/ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၁၉း၀၀ နာရီတွင် နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေး ရွာအုပ်စု လွိုင်ယဲ-တိုင်းခေါင်းကျေးရွာ ကားလမ်း၌ နမ့်စန်မှ လွိုင်ယဲ-တိုင်းခေါင်ကျေးရွာသို့ ခွန်ရွှေအေး(၄၄)နှစ် မောင်းနှင်လာသည့် 7I/×××× Pajero ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းပြင်ပေါ်မှ ် စက်လက်သေနတ် ၁ လက်နှင့် ကျည်အိမ် အဝိုင်း ၁ ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်မေးရာ နမ့်စန်မြို့နယ်၊မက်မွန်မုန်း အမှတ်(၂)ကျေးရွာနေ စိုင်းဘမောင် ၏နေအိမ်မှ ပြန်လည်ရောင်းချရန် ယူဆောင်လာခဲ့ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၁း၃၀နာရီ တွင် စိုင်းဘမောင်၏နေအိမ်သို့ ဆက်လက်ရှာဖွေ ရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ သေနတ်မျိုးစုံ ၂၅ လက်(စက်လက် -၂ လက်၊ HK 33-၂လက်၊ M 21 – ၁လက်၊ M 22 – ၄လက်၊ ကာဘိုင် – ၁လက်၊ M 16 (အတို) – ၂လက်၊ M 16/40 MM တွဲလျက် – ၁လက်၊ ပွိုင့် 22 – ၁လက်၊ ၉ မမ ပစ္စတို – ၁၁လက်)၊ ကျည်မျိုးစုံ ၆၁၄၂ တောင့်(M 22 – ၁၁၃၀တောင့်၊ 5.56 – ၂၈၂၂တောင့်၊ ပွိုင့် 22 – ၉၉၅တောင့်၊ ပွိုင့် 25- ၅၀တောင့်၊ 7.65 – ၁၃၄တောင့်၊ .၃၈ ဗို့ – ၁၀၀တောင့်၊ ၉ မမ – ၉၀၁တောင့်၊ .၃၀ – ၁၀တောင့်)၊ ကျည်အိမ်မျိုးစုံ ၁၈၇ ခု(ကျည်အိမ်အဝိုင်း – ၁ ခု၊ HK 33 – ၈ခု၊ M 22 – ၁၂၃ခု၊ M 16 – ၃၁ခု၊ ၉ မမ – ၂၂ခု၊ ပွိုင့် 22 – ၁ခု၊ ကာဘိုင် – ၁ခု)၊ ၄၀ မမ ဗုံးသီး ၃၄ လုံး၊ ၃၆ ခွင်းဗုံး ဖြူးစ်ပါ ၂ လုံး၊ 91 လက်ပစ်ဗုံး ဖြူးစ်ပါ ၁ လုံး၊ ယမ်းပျော့ ၄၀ ချောင်း၊ ဒီတိုနေတာ ၁၆၀ ခု၊ အရှည် ၅ ပေခန့် ယမ်းကြိုး ၁ ချောင်း၊ 7.62 ကျည်ခါးပတ်တွဲ ၁၄ ခု၊ စနိုက်ဘာ မှန်ပြောင်း ၃ ခု၊ M 16 ဘက်နက် ၁ ချောင်း၊ အီကွေး မင့်ခါး ပတ်ကြီး ၁ ခု၊ ပစ္စတိုအိတ် ၁ ခု၊ ICOM-V 8000 အထိုင်စကားပြောစက် ၁ လုံး၊ လက်ကိုင် စကားပြောစက် ၉ လုံး၊ THURAYA ဂြိုလ်တုဖုန်း ၁ လုံး၊ လက်ကိုင် စကားပြောစက် ဘတ္ထရီ ပတ် ၃ ခုနှင့် ကြိုးမပါ အားသွင်းခုံ ၃ ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ခွန်ရွှေအေးနှင့် စိုင်းဘမောင်တို့အား နမ့်စန်မြို့မ ရဲစခန်း(ပ)၅/၂၀၁၉၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.