Connect with us

Politics, Law & Military

ဒုတိယအကြိမ်လွှတ်တော် သုံးနှစ်ပြည့် အခမ်းအနားကျင်းပ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြု အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပြည်ထောာင်စုလွှတ်တော်တွင် ယနေ့နေ့လယ်ပိုင်း၌ ကျင်းပခဲ့ကြရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်ပြီးဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြသည်။

ပထမဦးစွာ နိုင်ငံတော် သမ္မတကဂုဏ်ပြုအဖွင့် အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဆက်လက် ပြောကြားရာတွင် “ဥပဒေပြုတယ်ဆိုတာနေ့တစ်ဓူ၀ ပြည်သူလူထုနှုဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြုစုရတာပါ၊ အခုဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံအတွက် အဓိကအကျဆုံး ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် များမှာ တာဝန်ရှိပါ တယ်၊ ဒီတာဝန်တွေကို ထမ်းဆောင်ခြင်းဟာဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့ အလုပ်တစ်ခုပဲလို့ မြင်စေချင်ပါတယ်” ဟုပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ထို့အပြင် တာဝန်ကျေသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုကိုအကျိုးပြုကြောင်း၊ ပြည်သူလူထုကိုကိုယ်စားပြုကြောင်း၊၊ ပြည်သူလူထုအတွက် တစ်ချိန်လုံးစဉ်းစားပေးရမှာ ဖြစ် ကြောင်း၊ ကိုယ့် အမြင်ကမမှန်ဘူးဆိုလျှင် ပြောင်းလဲရဲသည့် သတ္တိရှိရမည်ဖြစ်ပြီးမှန်သည်ဆိုလျှင် ရပ်တည်ရဲသောသတ္တိရှိရမည် ဖြစ်ကြောင်း၊ သို့ရာတွင် ကိုယ့် ရပ်တည်ချက်က နိုင်ငံတော်ကိုအကျိုးမပြုဘူးဆိုလျှင် ပြောင်းလဲရဲသောသတ္တိရှိသလိုပြောင်းလဲနိုင်သောပညာလည်းရှိဖို့လိုကြောင်း၊ ကိုယ့်မှာရှိသော တာဝန်အမျိုးမျိုးကို မှန်မှန်ကန်ကန် လုပ်တတ်ပြီးလုပ်သင့် လုပ်ထိုက်သည့် ကိစ္စများကိုလေးလေးနက်နက် စဉ်းစားဆုံးဖြတ်နိုင်ရမည်ဖြစ်ကြောင်း၊ စေတနာ၊ မေတ္တာ၊သတ္တိ၊ ပညာများနှင့် ယှဉ်ပြီးလွှတ်တော် အတွင်းမှာ နိုင်ငံ့ အကျိုးအတွက် ပြည်သူ့အကျိုးအတွက် စွမ်းဆောင်နိုင်သောကိုယ်စားလှယ်များမှသာဂုဏ်ရှိသောကိုယ်စားလှယ်များဟုဆိုနိုင်မှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီပျိုးခင်းကြီးကိုပျိုးထောင်ပေးသောလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး၊ ကိုယ့်နိုင်ငံတော်ကိုတန်ဖိုးထားပြီးကိုယ့် နိုင်ငံမှာဒီမိုကရေစီအမြစ် အမှန်တကယ် ခိုင်ခိုင်မာမာတွယ်သွားရေးအတွက် ဒီမိုကရေစီပျိုးခင်းကလေးကိုစေတနာ ၊ မေတ္တာ၊ ပညာ၊ သတ္တိများဖြင့် စွမ်းဆောင်ပေးကြရန် မေတ္တာရပ်ခံပါကြောင်းလည်းသူမကတိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

လွှတ်တော် ဥက္ကဋ္ဌများကအထိမ်းအမှတ်ပစ္စည်းများပေးအပ်ကြစဉ် (ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အကြီးအကဲများနှင့်အတူ ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၁)၊ ဒုတိယသမ္မတ(၂)၊ တရားသူကြီးချုပ်၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့လည်းတက်ရောက်ခဲ့ကြကာအမှာစကားများပြောကြားအပြီးတွင် လွှတ်တော် ဥက္ကဋ္ဌများကလွှတ်တော် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပစ္စည်းများကိုပေးအပ်ခဲ့ကြသည်။ နေ့လယ်စာစားသုံးအပြီးတွင် နှစ်ပတ်လည် အခမ်းအနားတက်ရောက်လာသူတို့အားလွှတ်တော် သဘင်ဆောင်၌ “ နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ကားဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.