ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရားစီရင်ရေးကဏ္ဍတွင် အမှုအခင်းများကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နှင့် ဘက်လိုက်မှု ကင်းသော တရားစီရင်ရေးဖြစ်ရန် လိုအပ်ပါကြောင်းနိုင်ငံတော်သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂,၅၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စနက်တံ ၂၀၀၀ ခု ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်တို့မှ ကျပ် ဘီလျံ ၆၀၅၆ ဒသမ ၅၃၂ (ကျပ်သန်း ၆၀၅၆၅၃၂ ဒသမ ၅၁၄) ကောက်ခံရ...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာ၊ ရပ်ကွက်(၁)၌ အောက်တိုဘာလ ၃ ရက်တွင် 88/1 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၉,၂၁၀,၀၀၀ )တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၃သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းအား ဥပဒေအရ ထိရောက်စွာ အရေးယူ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအနက် အချို့ အား မီးရှို့ဖျက်ဆီးခြင်းကို နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် တစ်သန်းကျော် ရိုက်နှိပ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လုံခြုံစိတ်ချရသော ရွှေ့ပြာင်း သွားလာ လုပ်ကိုင်မှုဖြစ်စေရေး လုပ်ငန်းစဉ်များ၌ ဒီဂျစ်တယ် နည်း ပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆက်လက်ကူညီပေးဖို့လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီး ၊ ကသာမြို့နယ် ဆိပ်ငူဘိနယ်၊ ဒိုးပင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနှင့် မိုးလုံးရွာ နှင့် အင်ကြား ရွာကြားများမှ တရားမဝင်သစ် တန် ၂၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန ထံမှ သိရသည်။