Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ၅၃ မှ ၅၄ အထိ နှစ်နိုင်ငံမြေပြင်ညှိနှိုင်းလှည့်ကင်းဆောင်ရွက်မှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား

ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲ (၁)ခွဲသည် ကားလမ်းပေါ်ရှိ စေတောင်ရွာအတွင်း ဘုန်းကြီးကျောင်း၌ခေတ္တအခြေပြုနေစဉ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လက်နက်ကိုင်အဖွဲ့ အင်အား (၃၀)ခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၁၀) မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွား ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့၏ စနစ်တကျ ထိန်းသိမ်းကြပ်မတ် မှုကြောင့် ရွာသူ/ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုတ်ခွာသွားသည့် လက်နက်ကိုင်အဖွဲ့အား တပ်မတော်စစ်ကြောင်းများမှ ပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.