Connect with us

Politics, Law & Military

နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်း ကြရန် သမ္မတ သဝဏ်လွှာ ပေးပို့


နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ အတွက် အဓိက လိုအပ်ချက်မှာ ယုံကြည်မှုပင် ဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယစိတ် ကင်းစင်ကာ ခိုင်မာသည့် ယုံကြည်မှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာကြရမည် ဖြစ်ပါသည်။ ယင်းမှတစ်ဆင့် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြ ပါရှိပြီး အဆိုပါ သဝဏ်လွှာအား ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ယနေ့နံနက်တွင် ဖတ်ကြားခဲ့သည်။

(၇၁)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော် အလံအား လွှင့်ထူနေစဉ် (ဆင်ဟွာ)

(၇၁)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားနေစဉ် (ဆင်ဟွာ)

(၇၁)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ တက်ရောက်သူအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ၏ သဝဏ်လွှာ၌ – “နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး အေးချမ်း လုံခြုံစွာ ဥမကွဲ သိုက်မပျက် နေထိုင်နိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် လည်းကောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းဒေသကြီး ပြည်နယ် မခွဲခြားဘဲ ဒီမို ကရေစီ အသီးအပွင့်များ ခံစား စံစားနိုင်ကြစေရန် လည်းကောင်း၊ မိမိတို့၏ လိုအင်ဆန္ဒများ ပြည့်ဝစေ ရေးအတွက် စိတ်ရော ကိုယ်ပါ ညီညွတ်ကြလျက် ဖြူစင်သော စိတ်ထား၊ မှန်ကန်သော စေတနာတို့ဖြင့် ကြိုးစား အားထုတ်ကြပါဟု ရင်းနှီး ချစ်ခင်စွာ တိုက်တွန်းပါကြောင်း” – လည်း ဖော်ပြပါရှိသည်။

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး စုပေါင်း အင်အားဖြင့် ကာကွယ် စောင့်ရှောက် ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာ တားဆီး ကာကွယ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီ မျှတစွာဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်စွာ ဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေး ဟူသော အမျိုးသားရေး ဦးတည်ချက် ငါးရပ်ဖြင့် ကျင်းပသည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ း ၂၀ နာရီတွင် နေပြည်တော် မြို့တော် ခန်းမ၌ ကျင်းပခဲ့ပြီး နံနက် ၇ း ၀၀ နာရီတွင် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို ဒုတိယ သမ္မတ (၁)က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း ဦးရေ သုံးထောင်ခန့် တက်ရောက်ခဲ့ကြပြီး လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ နိုင်ငံတော် သမ္မတ အိမ်တော်တွင် ယနေ့ညနေ ၆ း ၀၀ နာရီ၌ ကျင်းပ သွားမည် ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲများအား နေပြည်တော် အ ထ က (၁၁) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)