Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ရှိ ရဲကင်း စခန်း လေးခုအား AA သောင်းကျန်းသူ အဖွဲ့အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး

AA သောင်းကျန်းသူ အဖွဲ့ မှ ရဲကင်းစခန်းများအား အကြမ်းဖက် ၀င်ရောက် တိုက်ခိုက်ခဲ့မှု မြင်ကွင်းများ(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူ အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော် ရဲကင်းစခန်း ၊ ကျောင်းတောင် ရဲကင်းစခန်း ၊ ဂုပ္ပိ ရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်းစခန်းများအား နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင်စုစုပေါင်းခန့်မှန်းအင်အား ၃၅၀ ရှိ AA သောင်းကျန်းသူ အဖွဲ့က တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုစခန်း လေးခုစလုံးအားတပ်မတော်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့လှုပ်ရှားစစ်ကြောင်းများ၏စစ်ကူဖြင့် ပြန်လည်၍ ထိန်းသိမ်း ထားနိုင်ခဲ့ကာ နောက်ပိုင်းတွင် သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုရဲကင်းစခန်းများသည် နယ်စပ်ရဲစခန်းများမဟုတ်ဘဲတိုင်းရင်းသားများ အတွက် လုံခြုံရေး ဆောင်ရွက်ပေးနေသည့် စခန်းများသာ ဖြစ်ကြောင်း တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထိုစခန်းများသို့ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော် မှ စစ်ကြောင်းများက စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

AA သောင်းကျန်းသူအဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်းလျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ ၄ ရွာမှ တိုင်းရင်း သား၊ တိုင်းရင်းသူ များသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက် အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။(Xinhua)