ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ၁၈း၀၀ နာရီအချိန်မှ ဇူလိုင်လ ၇ ရက်နေ့ ၁ရး၀၀ နာရီ စုစုပေါင်း (၂၃နာရီ) အတွင်း စုစုပေါင်း မော်တော်ယာဉ် ၄၁...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီး အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ခုနှစ်အတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွက် လုပ်ငန်းကော်မတီ အစည်း အဝေးများကို နေပြည်တော် MICC II တွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ကဏ္ဍအလိုက် ကျင်းပလျက်ရှိရာ...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ကလေးသူငယ်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ပိုမို ထိရောက်စွာ ကာကွယ်တားဆီးရေး ဥပဒေသစ်များ မကြာမီ ထွက်ရှိမည်ဟု ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးအဖွဲ့က အခွန် ပေးဆောင်ခြင်းမရှိဘဲ တစ်ဖက် နိုင်ငံမှ တရားမဝင်တင်သွင်းလာသော စက်သုံးဆီများတင်ဆောင်လာသည့် ယာဉ်သုံးစီးကို ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၉၉,ဝဝဝ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွက် လုပ်ငန်းကော်မတီ အစည်း အဝေးများကို နေပြည်တော် MICC II တွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ကဏ္ဍအလိုက် ကျင်းပလျက်ရှိရာ...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်းတွင် တရားမဝင်သစ် ၂၆တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။