ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ မိုင်းတစ်လုံးတွေ့ရှိပြီး ၁၀၅ မိုင်အနီး အသံမိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ဂျာမနီ နိုင်ငံ ဘာလင်မြို ့၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် W.M Blumenthal Academy / Jewish Museum က ဦးဆောင် ကျင်းပသည့် The Berlin Conference...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၃,၇၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိရရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာ(၁၀၅)မိုင်၊ ကမ္ဘောဇသိင်္ဂီ သီလရှင်ကျောင်းတိုက် အနီး လမ်းဆုံ၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁နာရီ၁၀မိနစ်ခန့်တွင် ဒေသန္တရလက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယနေ့ နေပြည်တော်ရှိ MICC-2တွင် ကျင်းပနေသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး (Development Effectiveness Roundtable ) ဆွေးနွေးပွဲ၏ ရလဒ်များအား ပြန်လည်တင်ပြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လက်ရှိတွင် လုံခြုံရေးအင်အားများ တိုးမြှင့်ထားပြီး မိုင်းဖောက်ခွဲခဲ့သော တရားခံအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ် ၁၂၂စီးအား စစ်ဆေးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ (၃၀၀၀) မဂ္ဂါဝပ်မှ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၌ ယနေ့နံနက်က မိုင်း ၃ လုံး ပေါက်ကွဲမှုဖြစ်စဉ် ၌ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး ပေါက်ကွဲခဲ့သောမိုင်းကြောင့် လုံခြုံရေးဆောင် ရွက်နေသည့် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သားနန်းတင်နှင့် ယင်းနေအိမ်တွင် ခေတ္တရောက်ရှိ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးလေးလုံးပေါက်ကွဲပြီး မပေါက်ကွဲသေးသော ဗုံးသုံးလုံး ထပ်မံတွေ့ရှိကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။