Connect with us

Politics, Law & Military

e-visaစနစ်ဖြင့် လူခြောက်သိန်းကျော် ပြည်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆သန်းကျော် ကောက်ခံရရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံခြားသားခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ online e-visaစနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုခဲ့ရာ နှစ်နှစ်တာကာလအတွင်း လူခြောက်သိန်းကျော် ပြည်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၆သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်းလင်းတင်ပြချက်အရ သိရသည်။

ဆိုက်ရောက်ဗီဇာ(Visa On Arrival)စနစ်ဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုတွင် ခွင့်ပြုပေးလျက်ရှိရာ နှစ်နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၅၃နိုင်ငံမှ နိုင်ငံခြားသားခရီးသည် ၂သိန်းကျော်ကို ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်အခငွေ အမေရိကန် ဒေါ်လာ ၉သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်(Visa Exemption)သည် သံတမန်နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအပါအဝင် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၂၁နိုင်ငံမှ သံတမန်နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအား ဗီဇာကင်းလွတ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို မလေးရှားနိုင်ငံမှအပ ကျန် အာဆီယံ ၈နိုင်ငံနှင့် စာချုပ်ချုပ်ဆိုခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.