Connect with us

Politics, Law & Military

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ရာထူးမှ နှုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတရုံး ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅ ၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းအားနှုတ်ထွက်ခွင့်ပြုလိုက်သည်ဟူ၍ နိုင်ငံတော်သမ္မတရုံး ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းအား အဂတိလိုက်စားမှုရှိကြောင်း တိုင်ကြားစာရရှိသဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ က သတင်းထောက်များအားဖြေကြားချက်အရ သိရသည်။အသက် ၇၀ ရှိပြီဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ဒဂုန်ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်အရွေးခံ၍ အနိုင်ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ တွင် ပြည်ထောင်စုဝန်ကြီးတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.