ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြား မှတ်တိုင် ၄၀ မှ ၄၁ အထိ နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း၊ အကွက်အမှတ်(၃၄)အတွင်း မတ် ၂၃ရက်နေ့၌ တရားမဝင်ပျဉ်းကတိုးသစ် (၉၇)လုံး တန်အားဖြင့် (၅၁.၈၇၈၆)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မတ်လ ၂၅ ရက်နေ့တွင် တရားမဝင် သန္ဓေတားဆေးကတ် တစ်သိန်းကျော် ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မတ်လ ၂၆ ရက် (ဆင်ဟွာ) မဟာမဲခေါင်ဒေသတွင်း လမ်းမကြီးများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေတို့မှ ဒေါ်လာ သန်း ၃၆၀ ချေးယူရေးကို ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည်။
နေပြည်တော် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား မတ် ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီကျော်၌ ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၂၄ရက် နေ့လည် ၁၂နာရီခွဲတွင် ဒေသန္တရလက်လုပ်မိုင်းဟောင်း (သက်မဲ့)တစ်လုံးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ၏ ဝင်ငွေပေါ်မူတည်၍ အများသုံးသန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ရန်နှင့် လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်အမှတ်၊ ၁/၂၀၁၈ အားထုတ်ပြန်လိုက်သည်။