Connect with us

Politics, Law & Military

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်မှ တရားဝင် ကန့်ကွက်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့်မရှိသော နေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမဝင် တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင် ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့အပြင် ARSA အကြမ်းဖက်အဖွဲ့များမှ ရောနှောဝင်ရောက်လာကြောင်း သိရသဖြင့် ကာကွယ် တားဆီးပေးရန် နှင့် အဆိုပါနေရာ၌ မေလ ၆ ရက်မှ မေလ ၈ ရက်အထိ ယာယီတဲ အသစ် ၈ လုံး ဆောက်လုပ်ထားသည်ကို တွေ့ရကြောင်း ၊ မေလ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာဘက်ခြမ်း (တောင်ပြို-ဝဲ ဝင်ထွက်) တံတားအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပခဲ့သည့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက ပြန်လည်ဆွေးနွေးရာတွင် ၂၀၁၇ ခုနှစ် ဖြစ်စဉ် ဖြစ်ပြီးကတည်းက ပြောင်းရွှေ့ဒုက္ခသည်များ ယခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ဘက်မှ ထောက်ပံ့ပေးခဲ့မှုများ မရှိကြောင်း ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အဦ နှင့်ပတ်သက်၍ နယ်စပ်ရေးရာကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

နေရပ်စွန့်ခွာသူများမှာ ကမ္ဘာ့အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်၍ရနေခြင်း ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများဖြစ်၍ ကမ္ဘာ့အဖွဲ့အစည်း များ အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကန်ကွက်၍ မရပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.