Connect with us

Politics, Law & Military

အခွန်ထမ်းဆောင်သူကိုယ်တိုင် အခွန်စည်းကြပ် သည့်စနစ်(SAS)ကိုပြောင်းလဲ ကျင့်သုံးမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်မေးခွန်းမေးမြန်းဖြေကြားနေစဉ် (ဓာတ်ပုံ--ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌အခွန်ထမ်းသူနှင့် အခွန်ဝန်ထမ်းတို့ထိတွေ့ရန်မလိုသည့် အခွန်ထမ်းဆောင်သူကိုယ်တိုင် အခွန်စည်း ကြပ် သည့်စနစ်(SAS)ကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ မြို့နယ်အခွန်ဦး စီးများ မှမြို့နယ်အတွင်း အခွန်ပညာပေးမှုများကို မည်သို့စီမံချက်ချ ဆောင်ရွက်နေကြောင်း၊ အလုပ်အကိုင်အခွင့်အ လမ်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးသည့်အနေဖြင့် အခွန်သက်သာခွင့်၊ အခွန်ကင်းလွတ်ခွင့်များကို မည်သို့ စီမံဆောင်ရွက်ပေးထားပါကြောင်းနှင့် အခွန်ရှောင်တိမ်းရန် အခွန်လျော့နည်းပေးသွင်းရန် ကိစ္စများအား လုပ်ပိုင်ခွင့်အကြောင်းပြုပြီး လာဘ်ပေးလာဘ်ယူမှုများ မဖြစ်ပေါ်လာစေရန် မည်သို့စီမံ အရေးယူဆောင်ရွက် နေသည်ကို သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အခွန်ထမ်းများကို အခွန်ရုံးကခေါ်ယူစည်းကြပ်စနစ်မှ အခွန်ထမ်းဆောင်သူကိုယ်တိုင် အခွန်စည်း ကြပ်တဲ့စနစ်(SAS)ကို ပြောင်းလဲကျင့်သုံးသွားမှာဖြစ်သလို အခွန်ထမ်းနဲ့အခွန်ဝန်ထမ်း ထိတွေ့ရန်မလိုအပ် တော့သဖြင့် အဂတိတရားများ ကင်းရှင်းသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးကပြောသည်။

“အခွန်တိမ်းရှောင်မှုကိုလည်း မြို့နယ်အခွန်ဦးစီးဌာနရုံးများမှ မြို့နယ်စည်ပင်သာယာစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ထိုလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန် ကုန်တိုင်းဒေသကြီးတွင် အခွန်ဝန်ထမ်းသစ်ဦးရေ (၆၀,၃၀၀)ကျော် တိုးတက်ဖော်ထုတ်နိုင်ခဲ့ပါတယ်”ဟု ဝန်ကြီး ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.