ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က UNODC နှင့် ပူးပေါင်း ဆောင်ရွက်သော စာတမ်း ဖတ်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟု ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အစီအမံဖြင့် ဆောင်ရွက်နေသည့် လင်းယုန်စီမံချက် အဆင့် (၁) အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကဒ်ပြား (NV card) များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အမျိုးသား (၆၀၉၇) ဦးနှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူရဘွဲ့ ရရှိ ငါးဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၆၃ ဦးနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၁၇၉ ဦးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) နောင်ချိုမြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ခပ်ခူး(အဆင့်နိမ့်ဘိန်း)များနှင့် ငွေကျပ် ၁,၄၉၀ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ယနေ့ စတင် မိတ်ဆက် ဖြန့်ချိလိုက်သည့် လူငယ်ဖွ ံ့ဖြိုးရေး ဆိုင်ရာ ကဏ္ဍများ ပါဝင်သည့် လူငယ် ဆိုင်ရာ မူဝါဒများကို လက်တွေ့ အကောင် အထည်ဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်တွင် ငွေကျပ် ၄,၈၃၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။