Connect with us

Politics, Law & Military

မောင်တောမြို့နယ် ၊ နတ်မြစ်အတွင်း၌ ငွေကျပ် သိန်းပေါင်း ၅၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိ

သိမ်းဆည်း ရမိခဲ့သည့် မူးယစ်ဆေးဝါးများအား တွေ့ ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ငွေကျပ် သိန်းပေါင်း ၅၈၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နတ်မြစ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် မတ် ၃၀ ရက် နံနက်၆ နာရီခွဲခန့်တွင် မောင်တော မြို့၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ မောင်နီရွာအနီး၌ မသင်္ကာဖွယ်လှေတစ်စင်းအား တွေ့ရှိ သဖြင့် စစ်ဆေးရန် အချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ခုန်ချ ထွက်ပြေးသွားခဲ့ကြောင်း ၊ လှေအား သွားရောက်စစ်ဆေးခဲ့ရာ လှေပေါ်ရှိ လက်ဆွဲအိတ်အနက်ရောင်အတွင်းမှ WY /R စာတန်း ပါစိတ်ကြွရူးသွပ်ဆေးပြား ၂၉၄၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅၈၀၀ ကျော်)အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ထိုသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မောင်တောမြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.