Connect with us

Politics, Law & Military

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ(NMSP)၏ လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဧပြီ ၂ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မွန်ပြည်နယ်၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အထူး စိတ်ဝင်စားသဖြင့် မိမိတို့အား စေလွှတ်ခြင်းဖြစ်ပြီး မိမိတို့ ကလည်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူလူထုကို အလေးထား၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အနေဖြင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရေးမြို့နယ်၌ ကျင်းပရန် (၁၄) ကြိမ်မြောက် UPDJC အစည်းအဝေးက သဘောတူထားပြီးဖြစ်ကာ ယင်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မွန်ပြည်နယ် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းပေး ထားပြီးဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် အဆိုပါနိုင်ငံရေးဆွေးနွေးပွဲ ကို ကျင်းပကာ မွန်တိုင်း ရင်းသားတို့၏ လိုလား ချက်များနှင့် သဘောထားဆန္ဒများကို ထုတ်ဖော်ခွင့် ရရှိကြမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာ သည့် မူဝါဒအဆိုပြုချက်များကို ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးမည့် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံတတိယ အစည်းအဝေးကိုနေပြည်တော်၌ ယခုနှစ် ဧပြီလကုန်၊ မေလဆန်းတွင် ကျင်းပရန် (၇) ကြိမ်မြောက် JICM အစည်းအဝေးက သဘောတူထားကြောင်း၊ (၂၁) ရာစုပင်လုံတတိယအစည်းအဝေး၌ ဆွေးနွေးမည့် အဓိကခေါင်းစဉ်ကြီး ငါး ခုဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာသဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒကိစ္စရပ် များနှင့်ပက်သက်ပြီး ဆွေးနွေးရန် UPDJC အစည်းအဝေးက သတ်မှတ်ပေး ထားပြီးဖြစ်ကြောင်း၊ (၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး၌ တင်သွင်းခြင်း မပြုရသေးသည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေး သွားရန် သဘောတူထားကြောင်း၊

အစိုးရသစ်လက်ထက်တွင် NCA လက်မှတ်ရေးထိုးလာသည့် မွန်ပြည်သစ် ပါတီ၏လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကိုအောင်အောင်မြင်မြင်ဖြစ်စေ ချင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ် ဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦၤးဇော်ဋ္ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အထောက် အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦး၊UPDJC (EAO)အစုအဖွဲ့မှ ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.