ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တောင်ကြီးမြို့ လုံဝမ်ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများအား သေနတ်အတုဖြင့် လုယက်ရန် ကြံစည်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) UEHRD ၏ လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်ရန်အတွက် World Bank ၊ UNRC နှင့် ဥရောပကော်မရှင်တို့ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂ဝ၄/၄)နှင့် (၂ဝ၄/၅) ကြား၌ လမ်းတိုးချဲ့ရာတွင် ဗုံးသီးဟောင်းများ တွေ့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒုတိယနေ့ အစည်းအဝေးတွင် အချက် ၂၁ ချက်ကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallian အား ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအရေးယူ လျက်ရှိပြီး အောက်တိုဘာ ၂၄ ရက် နှင့် ၁၅ ရက် ၂ ရက်အတွင်း အရေးယူထားသည့် ယာဉ်အစီးရေ ၆၇ စီးရှိကြောင်း၊ ၎င်းမော်တော်ယာဉ်များအား ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာ-ဂျာမနီ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးတို့ ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများနှင့် အိုးအိမ်စနစ်တကျ ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် UN-HABITAT မှ Senior Human Settlements Officer ဖြစ်သူ Mr.Bruno Dercon ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ်သိန်း ၆၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျနေသည့် နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး...