Connect with us

Politics, Law & Military

လစ်လပ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၈ခုနှစ် အတွင်းပြု လုပ်မည်

၂၀၁၇ ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ၌ မဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းသမားများအား ဖြေကြားခဲ့သည်။

“ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘတ်ဂျက်တွေလည်း လျာထား ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်၊ ဘယ် လပိုင်းမှာ လုပ်မယ်ဆိုတဲ့ လုပ်မယ့်ရက်ကို တိတိကျကျ ပြောလို့ မရသေးပေမယ့် ၂၀၁၈ ထဲမှာ လုပ်ပါမယ်၊ မကြာခင် ကြေညာပါ့မယ်” ဟုလည်း ၎င်းက မီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံရမည့် မဲစာရင်းက ရှိခဲ့သော်လည်း အသက် ၁၈ နှစ် ပြည့်လာမည့် သူများ ရွှေ့ပြောင်းသွားသူများ၊ သေဆုံးသူများ ရှိသဖြင့် door to door စာရင်းပြန် ကောက်ယူခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ စာရင်းသွင်းသည့် ကိစ္စများ အပါအဝင် ဆောင်ရွက်စရာများ ရှိသဖြင့် ကျင်းပမည့်ရက်ကို ခန့်မှန်း နိုင်ခြင်း မရှိသေးတာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်နေသောနေရာများမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များတွင် ငါးနေရာ – (သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ အုတ်တွင်း မဲဆန္ဒနယ် အမှတ်(၁)၊ ရသေ့တောင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ၊ တမူး မဲဆန္ဒနယ် အမှတ် (၂)၊ မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ကန်ပက်လက် မဲဆန္ဒနယ် – ပြည်သူ့ လွှတ်တော်အတွက်၊ လဲချားမဲဆန္ဒနယ် – ပြည်သူ့ လွှတ်တော်) – စုစုပေါင်း ခုနစ်နေရာ ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.