Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ခန့်အပ်

ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း အမိန့်စာအားတွေ့ရစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ်(၅/၂၀၁၈)ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဦးအောင်လှထွန်းအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်(၅/၂၀၁၈)ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား ခန့်အပ်တာဝန်ပေးရန်အတွက် အတည်ပြုပေးနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၅ရက်နေ့က တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.