နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၅ – ၈ – ၂၀၁၇ တွင် ကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်း လက်ကျန်ပဲများအား အိန္ဒိယနိုင်ငံသို့ ဆက်လက် တင်ပို့နိုင်ရန် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တောင်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ ပါဝင်သော...
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ရေး၊ ဒေသတွင်း နေထိုင်ကြသော လူမှုအသိုက်အဝန်းများအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသော (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများထံသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာအတွင်း ဖွံ့ဖြိုးမှု အသီးအပွင့်များကို ကျေးလက် လူဦးရေ ငါးသန်းကျော်တို့က ရရှိ ခံစားနေကြပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတက အစမ်းခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသစံတော်ချိန် ၂၀း၀၀ နာရီတွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီထောက်ပံံ့ ရန် ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်လာသော လှေအား လူစုလူဝေးဖြင့် ဟန့်တား ရန်လိုမှုတွင် ပါဝင်သူ ၈ဦးကိုထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည် ထူထောင်မှုအပါအဝင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
နေပြည်တော် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ရခိုင်ဒေသ အရေး နှင့် ပတ်သက်၍ ှစိန်ခေါ်မှုများစွာ ရှိသည့် အနက် အခက်ခဲဆုံးမှာ လူအများ၏ စိတ်နေစိတ်ထား ပြောင်းလဲ နိုင်ရေးမှာ အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့စက်တင်ဘာလ ၂၀...
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပပြုလုပ်သည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက...